ဘ၀ဆိုတာ တိုတိုလေးနော်
Posted On Tuesday, February 19, 2008 at at 2:42 AM by yaykaetone" အတွေအကြုံနည်းမှုသည် သည်းမခံနိုင်မှုများကိုဖြစ်ပေါ်စေပါသည်။ သည်းခံနိုင်မှု ဆိုသည်မှာ နားလည်မှုရှိမှသာ ဖြစ်ပေါ်လာတတ်ပြီး အတွေ့အကြုံမဲ့လျှင်လည်း နားလည်မှုမဖြစ်လာနိုင်ပါ။ ထို့ကြောင့် ဘ၀ထောင့်စုံမှ ရနိုင်သမျှ အတွေ့အကြုံများများ ကျယ်ကျယ်ပြန့်ပြန့်ရအောင် လုပ်နိုင်လေ ကောင်းလေဖြစ်ပါသည်။ အထူးသဖြင့် ခရီးများများသွားဖို့ လိုပါသည်။ "
..............................................................................................................ကေ၊သီရိ၊ ဓမ္မနန္ဒ
လူတိုင်းဟာ ခရီးများများသွားမှ မိမိအပါအ၀င် သူတစ်ပါးရဲ့  အခက်အခဲတွေကို မြင်ရတွေ့ကြရမယ်။ အခက်အခဲအမျိုးမျိုးကို ကိုယ်တွေ့မြင်ရတွေ့ရတော့ ဘ၀ထောင့်စုံကအတွေ့အကြုံတွေရလာနိုင်တယ်။ အတွေ့အကြုံ ကျယ်ကျယ်ပြန့်ပြန့်ရလျှင် သူတစ်ပါးအပေါ် နားလည်နိုင်တယ်။ သူတစ်ပါးရဲ့  အခြေအနေကို စာနာနိင်မယ်။ လူတစ်ဖက်သားရဲ့ ဘက်က ရှိနေနိုင်တဲ့ အခက်အခဲတွေ ပြဿနာတွေကို နားလည်စာနာတတ်ပြီးဆိုတာနဲ့ မိမိဘက်က ခွင့်လွှတ်သည်းခံနိုင်တော့တာပဲ။
ခွင့်လွတ်ခြင်း၊သည်းခံခြင်း ဆိုတာ တစ်ဦးနဲ့တစ်ဦး ရင်ဆိုင်ရတဲ့ တင်းမာမှုတွေ၊ ခက်ထန်မှုတွေ၊ မုန်းတီးမှုတွေ၊ အကျိုးဖျာက်ဆီးမှုတွေ ရန်လိုမှုတွေ လျော့ပါးစေနိုင်တယ်။
တကယ်တော့ ဘ၀ဆိုတာ တိုတိုလေးပါ။ ကျွန်တော်တို့ ဘာတွေလုပ်ကြမလဲ.......။
..............." အခက်အခဲကျော်နိုင်ရေးနည်းလမ်းကောင်းများ " စာအုပ်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။