မစိုက်သောသစ်ပင်
Posted On Friday, February 22, 2008 at at 12:59 PM by yaykaetone့ဖိနပ်နှစ်ဖက်
တစ်မြို့ စီဝေးနေသလိုပေါ့
တံစက်မြိတ်အောက်က
ရေအိုးမှာတောင်
အလွမ်းတွေနဲ့  ပြည့်လျှံနေပြီ။
မိုးတွေက
မေးခွန်းတွေလိုရွာနေတော့
ဘ၀ဆိုတာက
မိုးရေထဲမှာ ပျံတဲ့ငှက်လိုပါလေ
ကိုယ့်သစ်ပင်မှာ နားစေချင်ပေမယ့်
ကိုယ့်မှာပြတင်းပေါက်မရှိတဲ့နေ့ တွေ
ဘယ်ဆီကမှအဖြေမပေးဘူး။
အစိမ်းရောင်မျက်နှာကျက်နဲ့ 
ကောင်မလေးရေ
ချစ်ခြင်းမေတ္တာတရားတို့ 
ခေါင်းငုံ့ ခံရာ
ငါ့ဖိနပ်ကိုတောင် အားနာတယ်။
ဖန်ပြင်ပေါ်က သူငယ်ချင်း
Posted On at at 5:20 AM by yaykaetone- လူလဲမမြင်
- အသံလဲမကြား
- စားသားအနက်
- ပီကာဆိုလျှက်
- ခင်မင်ရတဲ့
- သူငယ်ချင်းရယ်
- နေ့စဉ်မပြက်
- စာရောက်ရက်ကို
- မှန်းရည်မျှော်လျှက်
- မနက်ဖန်ရက်တိုင်း
- တွေ့ချင်လျှက်ပါ
- သူငယ်ချင်း.......
ဘ၀ဆိုတာ တိုတိုလေးနော်
Posted On Tuesday, February 19, 2008 at at 2:42 AM by yaykaetone..............................................................................................................ကေ၊သီရိ၊ ဓမ္မနန္ဒ
ခွင့်လွတ်ခြင်း၊သည်းခံခြင်း ဆိုတာ တစ်ဦးနဲ့တစ်ဦး ရင်ဆိုင်ရတဲ့ တင်းမာမှုတွေ၊ ခက်ထန်မှုတွေ၊ မုန်းတီးမှုတွေ၊ အကျိုးဖျာက်ဆီးမှုတွေ ရန်လိုမှုတွေ လျော့ပါးစေနိုင်တယ်။
တကယ်တော့ ဘ၀ဆိုတာ တိုတိုလေးပါ။ ကျွန်တော်တို့ ဘာတွေလုပ်ကြမလဲ.......။
..............." အခက်အခဲကျော်နိုင်ရေးနည်းလမ်းကောင်းများ " စာအုပ်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။
blog ပေါက်စန ၁ ဒုက္ခ
Posted On Saturday, February 16, 2008 at at 12:38 PM by yaykaetoneကျွန်တော်က အခုမှ blog စရေးတဲ့ blog ပေါက်စနလေးပါ။ blog ရေးမယ် ရေးမယ်နဲ့ လုပ်နေတာ မရေးဖြစ်ဘူးဖြစ်နေတယ်။မရေးတတ်တာလဲ ပါတယ်လေ။အခုတော့မရေးတတ်လဲ ရေးမှပဲ ဆိုပြီး စရေးတာ။
ဘာလုပ်လို့ လုပ်ရမှန်းကို မသိတာ။ သူများတွေရေးတဲ့ blog တွေလဲ လျှောက်ဖတ်တယ်.(ဥာဏ်ကောင်းလို့လား မသိဘူး..ဟဲ..ဟဲ)ဘာမှနားမလည်ဘူး...ဘာတွေလုပ်ရမှန်းလဲ မသိတော့ ရမ်းပြီးလုပ်တော့တာပဲ..
ဒီထက်ပိုပြီး ဘာမှမလုပ်တတ်တော့ဘူး။ဟင်း...ဒုက္ခ..ဒုက္ခ...
I don't know
Posted On at at 12:31 PM by yaykaetonepost ကို notepad မှာရေးပြီး မတင်တတ်ဘူး။ဘယ်လိုလုပ်ရလဲ မသိဘူး။
ကျွန်တော့ blog ကို ဘယ်သူတွေကတွေ့ ပြီး ဘယ်လိုဝင်ဖတ်မှာလဲ မသိဘူး။
လာဖြစ်တဲ့ လူများရှိရင် ဘာတွေဆက်လုပ်ရမလဲဆိုတာလေးတွေ အကြံအဥာဏ်လေးပေးခဲ့ကြပါအုံး။
blog ပေါက်စနလေးကို ကူညီတဲ့အနေနဲ့လေ..........
ကျေးဇူးတင်ပါတယ်.............