မစိုက်သောသစ်ပင်

့ဖိနပ်နှစ်ဖက်
တစ်မြို့ စီဝေးနေသလိုပေါ့
တံစက်မြိတ်အောက်က
ရေအိုးမှာတောင်
အလွမ်းတွေနဲ့  ပြည့်လျှံနေပြီ။

မိုးတွေက
မေးခွန်းတွေလိုရွာနေတော့
ဘ၀ဆိုတာက
မိုးရေထဲမှာ ပျံတဲ့ငှက်လိုပါလေ
ကိုယ့်သစ်ပင်မှာ နားစေချင်ပေမယ့်
ကိုယ့်မှာပြတင်းပေါက်မရှိတဲ့နေ့ တွေ
ဘယ်ဆီကမှအဖြေမပေးဘူး။

အစိမ်းရောင်မျက်နှာကျက်နဲ့ 
ကောင်မလေးရေ
ချစ်ခြင်းမေတ္တာတရားတို့ 
ခေါင်းငုံ့ ခံရာ
ငါ့ဖိနပ်ကိုတောင် အားနာတယ်။


Posted in | 0 comments

ဖန်ပြင်ပေါ်က သူငယ်ချင်း

  • လူလဲမမြင်
  • အသံလဲမကြား
  • စားသားအနက်
  • ပီကာဆိုလျှက်
  • ခင်မင်ရတဲ့
  • သူငယ်ချင်းရယ်
  • နေ့စဉ်မပြက်
  • စာရောက်ရက်ကို
  • မှန်းရည်မျှော်လျှက်
  • မနက်ဖန်ရက်တိုင်း
  • တွေ့ချင်လျှက်ပါ
  • သူငယ်ချင်း.......

Posted in | 0 comments

ဘ၀ဆိုတာ တိုတိုလေးနော်

" အတွေအကြုံနည်းမှုသည် သည်းမခံနိုင်မှုများကိုဖြစ်ပေါ်စေပါသည်။ သည်းခံနိုင်မှု ဆိုသည်မှာ နားလည်မှုရှိမှသာ ဖြစ်ပေါ်လာတတ်ပြီး အတွေ့အကြုံမဲ့လျှင်လည်း နားလည်မှုမဖြစ်လာနိုင်ပါ။ ထို့ကြောင့် ဘ၀ထောင့်စုံမှ ရနိုင်သမျှ အတွေ့အကြုံများများ ကျယ်ကျယ်ပြန့်ပြန့်ရအောင် လုပ်နိုင်လေ ကောင်းလေဖြစ်ပါသည်။ အထူးသဖြင့် ခရီးများများသွားဖို့ လိုပါသည်။ "

..............................................................................................................ကေ၊သီရိ၊ ဓမ္မနန္ဒ

လူတိုင်းဟာ ခရီးများများသွားမှ မိမိအပါအ၀င် သူတစ်ပါးရဲ့  အခက်အခဲတွေကို မြင်ရတွေ့ကြရမယ်။ အခက်အခဲအမျိုးမျိုးကို ကိုယ်တွေ့မြင်ရတွေ့ရတော့ ဘ၀ထောင့်စုံကအတွေ့အကြုံတွေရလာနိုင်တယ်။ အတွေ့အကြုံ ကျယ်ကျယ်ပြန့်ပြန့်ရလျှင် သူတစ်ပါးအပေါ် နားလည်နိုင်တယ်။ သူတစ်ပါးရဲ့  အခြေအနေကို စာနာနိင်မယ်။ လူတစ်ဖက်သားရဲ့ ဘက်က ရှိနေနိုင်တဲ့ အခက်အခဲတွေ ပြဿနာတွေကို နားလည်စာနာတတ်ပြီးဆိုတာနဲ့ မိမိဘက်က ခွင့်လွှတ်သည်းခံနိုင်တော့တာပဲ။
ခွင့်လွတ်ခြင်း၊သည်းခံခြင်း ဆိုတာ တစ်ဦးနဲ့တစ်ဦး ရင်ဆိုင်ရတဲ့ တင်းမာမှုတွေ၊ ခက်ထန်မှုတွေ၊ မုန်းတီးမှုတွေ၊ အကျိုးဖျာက်ဆီးမှုတွေ ရန်လိုမှုတွေ လျော့ပါးစေနိုင်တယ်။
တကယ်တော့ ဘ၀ဆိုတာ တိုတိုလေးပါ။ ကျွန်တော်တို့ ဘာတွေလုပ်ကြမလဲ.......။

..............." အခက်အခဲကျော်နိုင်ရေးနည်းလမ်းကောင်းများ " စာအုပ်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။

Posted in | 0 comments

blog ပေါက်စန ၁ ဒုက္ခ

ကျွန်တော်က အခုမှ blog စရေးတဲ့ blog ပေါက်စနလေးပါ။ blog ရေးမယ် ရေးမယ်နဲ့ လုပ်နေတာ မရေးဖြစ်ဘူးဖြစ်နေတယ်။မရေးတတ်တာလဲ ပါတယ်လေ။အခုတော့မရေးတတ်လဲ ရေးမှပဲ ဆိုပြီး စရေးတာ။
ဘာလုပ်လို့ လုပ်ရမှန်းကို မသိတာ။ သူများတွေရေးတဲ့ blog တွေလဲ လျှောက်ဖတ်တယ်.(ဥာဏ်ကောင်းလို့လား မသိဘူး..ဟဲ..ဟဲ)ဘာမှနားမလည်ဘူး...ဘာတွေလုပ်ရမှန်းလဲ မသိတော့ ရမ်းပြီးလုပ်တော့တာပဲ..
ဒီထက်ပိုပြီး ဘာမှမလုပ်တတ်တော့ဘူး။ဟင်း...ဒုက္ခ..ဒုက္ခ...

Posted in | 0 comments

I don't know

post ကို notepad မှာရေးပြီး မတင်တတ်ဘူး။ဘယ်လိုလုပ်ရလဲ မသိဘူး။
ကျွန်တော့ blog ကို ဘယ်သူတွေကတွေ့ ပြီး ဘယ်လိုဝင်ဖတ်မှာလဲ မသိဘူး။
လာဖြစ်တဲ့ လူများရှိရင် ဘာတွေဆက်လုပ်ရမလဲဆိုတာလေးတွေ အကြံအဥာဏ်လေးပေးခဲ့ကြပါအုံး။
blog ပေါက်စနလေးကို ကူညီတဲ့အနေနဲ့လေ..........
ကျေးဇူးတင်ပါတယ်.............

Posted in | 0 comments